Posts

Showing posts from May, 2017
Image
# ယောက်ျားကထားခဲ့လို့ဖြစ်စေ # မိန်းမကထားခဲ့လို့ဖြစ်စေ # ချစ်သူကထားခဲ့လို့ဖြစ်စေ # အငယ်အနှောင်းယူသွားလို့ဖြစ်စေ စွန့်ပစ်ခဲ့ရင် တချို့ ဘဝပျက်မတတ် ဖြစ်တတ်ကြပါတယ်.. အမှန်က ပျော်ရမှာပါ.... လက်ခုပ်တီးပြီးကို ကျေနပ်ဝမ်းမြောက်စွာပျော်ရမှာပါ.... ကိုယ်ငယ်ရွယ်ကျန်းမာတုန်း သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ သိလိုက်ရတဲ့အတွက် ကိုယ့်တန်ဖိုးနားမလည်တဲ့လူရဲ့ဘေးနား အဓိပ္ပါယ်မဲ့ ဖြတ်သန်းရခြင်းထက် နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝကို လွတ်လပ်စွာ တည်ဆောက်ရခြင်းက ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်.... . တခါကဘုရင်ကြီးတစ်ပါးမှာ သမီး(၃)ယောက်ရှိသတဲ့။ ဘုရင်ကြီးက သမီးတော်တို့ဒီလို နေနေရတာ ဘာကြောင့်လဲလို့ မေးတဲ့အခါ သမီးအကြီး(၂)ယောက်က "ခမည်းတော် ကျေးဇူးကြောင့်...." လို့ အမြဲလျှောက်ပြီး အငယ်ဆုံးသမီးတော်ကတော့ "သမီးတော်ရဲ့ဘုန်းကံကြောင့်" လို့လျှောက်သတဲ့။ တိုတိုပြောရရင် ဘုရင်ကြီးကစိတ်ဆိုးပြီး အဆင်းရဲဆုံးလူနဲ့ ပေးစားလွှတ်လိုက်တယ်။ တောစပ်မှာ ထင်းခုတ်ဖို့သွားတော့ ချောင်းတစ်ခုအကူးမှာ သူဆင်းရဲ ထင်းခုတ်သမားဟာ စိန်တွေတွေ့တော့ သူ့မိန်းမ အတွက်ဆော့ကစား ရအော