Posts

Showing posts from April, 2017

ကိုယ့်အတွက်တန်ဖိုးမကြီးပေမဲ့

Image
သင်္ကြန်ကလဲပြီးသွားပြီ ပိတ်ရက်လဲ ကုန်သွားပြီဆိုတော့ အလုပ်သွားရမယ်လေ ဘာအလုပ်လဲဆိုတော့ စာရေးတဲ့အလုပ် ဟဲဟဲ အဲတာနဲ့ အိမ်ကနေ အပြင်ကိုထွက်လာခဲ့တယ်ဆိုပါတော့ နွေရာသီ ရောက်လာပြီဆိုတော့ပူလိုက် တာဆိုတာ လေ ဖိနပ်ကလဲ ကတိပါ ဖိနပ်နဲ့ ကြွားတာမဟုတ်ပါဘူး 😬  ဘယ်ဘက်ဖိနပ်ရဲ့အောက်ခြေ သရေပြားက ကွာနေပါတယ် လမ်းလျောက်ရင် ဘတ်လပ်ဘတ်လပ်နဲ့ တခါတလေ ကိုယ့်ဖိနပ်ကိုယ် ပြန်ခလုတ်တောင်တိုက်သေးတယ် ဟေဟေ 😁  အဲတာနဲ့ YBS လေးစီးပြီး လမ်လျောက်လာတယ်ဆိုပါတော့ ကားလဲစီးသေးတယ်ပြောသေး လမ်းလျောက်လာတယ်ပြောတယ် ဆိုပြီးတစ်မျိုးမထင်ပါနဲ့ မှတ်တိုင်ကို သွားတာပါ ပြီးတော့ စိုက်ပျိုးရေးမှတ်တိုင်မှာ ဆင်းပြီး လူကူမြင်းကျားကနေ ကူမယ်လုပ်တော့ ကားတွေ က အရှိန်လျော့မယ် မရှိဘူး သူတို့ ကို ပြန်အလျော့ပေးနေရပြန်တယ် မလျော့ လို့ ရှေ့တိုးလဲ ကိုယ်ပဲ တိုက်ခံရမှာကိုး  😆  အဲတာနဲ့ ကားရှင်းအောင်စောင့်ရင်း အနောက်ကနေ နွမ်းပါးနေတဲ့ အ၀တ်အစားနဲ့ လူကြီးတယောက် ဖြေးဖြေးသွားနေတယ် အချိန်က နံနက် 10နာရီလောက်ရှိပြီလေ ဆိုတော့ နေက ပူတဲ့ ဘက်ကိုရောက်လာပြီ ကိုယ်တောင် ပူလို့ ချွေးတွေနဲ့ အဲတာနဲ့ သူကြည့်ပြီးကိုယ်ချင်းစာမိတယ် အတော်ပူမှာလို့ ခြေထောက်ကိုကြည့် လိုက်တော့ ဘယ်ဘက်ကခြေထောက်မ

ဦး ရယ်​ မီး က ခ​လေး ရှိ ​သေး တယ်​ လို့

မန္တလေးမြို့ ရှိ BOF ကေတီဗီဆိုင်တွင် အသက် ၅၀နည်းပါးရှိ ဘောစိလူကြီးတစ်ယောက်သည် အသက်၁၆ နှစ်သာရှိသေးသောကေတီဗီမယ်အား ချစ်ရေးပန်ကာ လက်ထက်ခွင့်တောင်းဆိုသည် ကောင်မလေးမှာအကြိမ်ကြိမ်ငြင်းဆိုကာ---------- ""ဦးရယ် မဖြစ်နိုင်ပါဘူး ခုမီးက ခလေးရှိသေးတယ်""" ဘောစိ ဦးလေးကြီးလည်း" မီးကိုသာရမယ်ဆို ဘယ်ပုဒ်မတွေမဆို ငွေနဲ့ဖြေရှင်းမည်ဖြစ်ကြောင်း နွားအို မြက်နုကြိုက်တာ အစဉ်လာဖြစ်ကြောင်း" ပြောဆိုကာ ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းပြန် ကောင်မလေးကလည်း "ငရဲတွေကြီးပါ့မယ် ဦးရယ် မီးက တကယ် ခလေးရှိပါသေးတယ်"ဆိုပြီးအကြိမ် ကြိမ်ငြင်းဆိုလေသည်။ ဘောစိဦးလေးကြီးလည်း "မီးလေးရှေ့ရေးစဉ်းစားဟု"ပြောကာ အချို သတ်ပြီး နောက်ဆုံးတော့ မီးဆိုတဲ့ ကောင်မလေးလည်း ဘောစိဦးလေးကို မငြင်းသာ မလှုပ်သာပဲ လက်ထပ် ဖို့ ------------သဘောတူ ခဲ့ရတယ်--------- ----- ကောင်မလေးလည်း ဦးနဲ့ လက်ထပ်ပြီး ရွာကို ခဏ ဆိုပြီး ပြန်သွားတာပေါ့။ ဦးလည်း လွမ်းကာကျန် ရစ်ခဲ့သည်။ နှစ်ရက်သုံးရက်နေတော့ ကောင်မလေး ဦးဆီကို ပြန်လာတယ်။ ကောင်မလေးခေါ် မီးရဲ့ ဘယ်ဘတ် လက်မှာ သုံးနှစ်အရွယ် ခလေးတစ်ယောက် လက်တွဲကာပါလာတယ်။ အဲ့ဒီမှာ ဘောစိ